အသေးစိတ်ကိုတော့ video file အနေနဲ့ ရှင်းပြပြီးတော့ တင်ပေးပါ့မယ်. အခုလက်ရှိ window xp, vista, window 7 အတွက် software ၄ မျိုးကို နာမည်တွေနဲ့ ခွဲပြီးတော့ တင်ပေးလိုက်ပါတယ်. အခုတင်ပေးတဲ့ software တွေကတော့ DVD (or) CD drive မပါတဲ့ ကွန်ပျူတာများနှင့် DVD (or) CD drive သိပ်ပြီး အလုပ်မလုပ်တော့တဲ့ ကွန်ပျူတာများကို USB stick နဲ့ window ကို boot တက်ဖို့အတွက် သုံးတဲ့ software တွေ ဖြစ်ပါတယ်. xp,vista,7 သုံးမျိုးကို software နှစ်မျိုးစီဖြင့် တင်ပေးထားပါတယ်. ကဲစမ်းကြည့်လိုက်ပါ. တင်ထားသမျှ software အားလုံးနှင့် နောက်တင်မည့် software လိုလိုကို ရှင်းပြချက်များနှင့် အတတ်နိုင်ဆုံးနားလည်လွယ်အောင်လို့ တင်ပေးသွားမှာဖြစ်ပါတယ်. အခုနောက်ပိုင်း တင်မည့်ဖိုင်များကို ပုံစံပြောင်းပြီးတော့ တင်ပေးမှာဖြစ်ပါတယ်. အခုနာမည်ကိုတော့ 000000.rar ဆိုပြီးတော့ပေးထားပါတယ်. အခုဒီ software ကနေ စမှာဖြစ်ပါတယ်. နောက်တင်မည့်ဖိုင်တွေအားလုံးကို download လုပ်မည့် ဖိုင်များကို ပြောင်းချင်လည်းပြောင်းပါမယ်. ဒီလိုမှမဟုတ်ဘူးဆိုရင် format type ကို ပြောင်းပြီးတော့ တင်ပေးပါ့မယ်. ပြီးတော့မှ အဲ့ရောက်တော့မှ format type အမှန်ကို ပြန်ပြောင်းလိုက်ပေါ့. အခုအမေရိကန်က ထုတ်လိုက်တဲ့ copyright sharing နဲ့ ပတ်သက်ပြီး file sharing ဆိုက်တွေကို တစ်ခုချင်းစီ လိုက်ပိတ်ဖို့ရှိပါတယ်. ပထမဦးဆုံး www.megaupload.com ကိုတော့ ပိတ်ပစ်ယုံတင်မကဘဲ တင်ထားသမျှ ဖိုင်များအားလုံးကိုပါ ဖျက်ပစ်လိုက်ပါပြီ. ဒုတိယဆိုက်ကတော့ www.filesonic.com ပါ. သူ့ကိုတော့ ပိတ်မပစ်ဘဲနှင့် လက်ရှိတင်ထားသမျှ ဖိုင်အားလုံးကို share အနေဖြင့် download လုပ်မရအောင် download ကို ပိတ်ပစ်ခိုင်း ထားပါတယ်. filesonic က ဖိုင်တစ်ဖိုင်ကို download လုပ်ဖို့အတွက်ကတော့ မူလတင်ထားတဲ့ ပိုင်ရှင်ရဲ့ username and password သိမှပဲ download လုပ်ခွင့်ရှိမှာဖြစ်ပါတယ်. ပိုင်ရှင်မဟုတ်ဘဲ တစ်ခြားသူတွေ အနေနဲ့ကတော့ ဘယ်လိုမှ download လုပ်ခွင့်မရတော့ပါဘူး. ခုနောက်ပိုင်း ဘယ်ဆိုက်တွေကို ဆက်ပိတ်မယ်ဆိုတာကို မသိသေးပါဘူး. ဒီကိစ္စနဲ့ ပတ်သက်ပြီး firefox နဲ့ wiki ကတော့ ဆန္ဒပြလိုက်ပါတယ်. ထုတ်ပြန်လိုက်တဲ့ ဥပဒေသာ အတည်ပြုပြီး တရားဝင်သတ်မှတ်လိုက်ရင်တော့ အခုလက်ရှိ နာမည်ကြီး file sharing ဆိုက်အားလုံးလိုလိုနီးပါး ပိတ်ပစ်လိုက်မှာ ဖြစ်ပါတယ်. ဘယ်ဆိုက်တွေ လာမယ်ဆိုတာတော့ မသိသေးပါဘူး. ကျွန်တော်တောင်မှ premium account ကို ဘယ်ဆိုက်ကနေမှ မ၀ယ်တော့ပါဘူး. အရင်က megaupload နဲ့ filesonic ကတော့ ၀ယ်ထားတာ အလကားဖြစ်သွားပါတယ်. တကယ်တော့ megaupload ဆိုက်ဟာ တင်တဲ့သူအများဆုံးနှင့် file တစ်ဖိုင်ရဲ့ Download လုပ်နိုင်ဖို့ သိမ်းဆည်းပေးထားတဲ့ သက်တမ်းအရှည်ဆုံး ဆိုက်တစ်ဆိုက်ဖြစ်ပါတယ်. ဆိုက် ၁၀ ဆိုက်တင်ပေးထားရင် တစ်ခြားဆိုက်တွေက ဖိုင်တွေပျက်သွားတတ်ပေမယ့် megaupload ဆိုက်ကတော့ ကျန်နေတတ်ပါတယ်. အခုလက်ရှိတော့ ကျွန်တော် ifile.it | Mediafire နှင့် mirrorcreator အဲ့ဆိုက် သုံးခုကနေ တင်ပေးသွားမှာဖြစ်ပြီးတော့ နောက်ပိုင်းကတော့ ဘယ်လိုစခန်းသွားရမယ်ဆိုတာကို စဉ်းစားထားပြီးသားပါ. စိတ်မပူပါနဲ့. ကဲ ခုတင်ပေးလိုက်တဲ့ software တွေကို download လုပ်လိုက်ပါဦး. လုပ်နည်းတွေကို video file အနေနဲ့ တင်ပေးသွားဖို့ စီစဉ်နေပါတယ်. ဖိုင်ဆိုက်လည်း သေးရမယ်. နောက်ပြီး ကြည်လင်ပြတ်သားမှု့လည်းရှိရလေအောင် တင်ပေးမှာ ဖြစ်ပါတယ်. အသံနဲ့ ရှင်းပြချက်ဖိုင်ကို လုပ်ပြမှာ ဖြစ်တဲ့အတွက် အားလုံးအဆင်ပြေကြမယ်လို့ မျှော်လင့်မိပါတယ်.
No comments:
Post a Comment