Windows 8
မှာ Start ခလုတ် ပါဝင်လာခြင်း မရှိတဲ့အတွက် Windows 8
ကို
ပိတ်လိုက်တဲ့အခါမှာ အနည်းငယ် ရှုပ်ထွေးစေပါတယ်။ ဒါကြောင့် Widows 8
ပေါ်မှာ
shutdown ဒါမှမဟုတ် reboot ပြုလုပ်ခြင်းကို Start screen ပေါ်ကနေ
လွယ်ကူစွာ
ပြုလုပ်နိုင်စေမယ့် နည်းလမ်းကို ဖော်ပြပေးလိုက်ပါတယ်။
(၁) Desktop ပေါ်ရှိ နေရာလွတ်တွင် right-click နှိပ်ပြီး New ရှိ Shortcut ကို ရွေးပါ။
(၂) Location box တွင် Windows 8 shutdown အတွက် shutdown/p ကို ရိုက်ထည့်ပါ။
Reboot အတွက် ဖန်တီးလိုပါက shutdown/r/t/t 0 ကို ထည့်ပါ။
ထို့နောက် Next ကို နှိပ်ပါ။
(၃) ထို့နောက် desktop ပေါ်ရှိ shortcut ပေါ်တွင် right-click နှိပ်ပြီး Pin to Start ကို နှိပ်ပါ။
(၅) Start screen သို့သွားပြီး file အသစ် ပေါ် မပေါ် စစ်ဆေးပါ။
အထက်ပါ နည်းလမ်းအတိုင်း ပြုလုပ်ပြီး Start screen ပေါ်မှာ shutdown file သို့မဟုတ်

reboot file ကို တွေ့ပြီဆိုရင်တော့ အဆိုပါ file ကို နှိပ်ပြီး
shutdown သို့မဟုတ် reboot
ပြုလုပ်နိုင်ပါပြီ။
No comments:
Post a Comment