ကျွန်တော် အခု
ပြောပြမဲ့ Post လေးကတော့ Facebook က ကျွန်တော့ Group မှာ အစ်မ Yi Lwin
Htwe မေးမြန်းထားတဲ့ မိမိ စက်ကနေ အခြား စက်တစ်လုံးကို ဘာတွေ လုပ်နေလဲ
ဘာတွေ ကြည့်နေလဲ ဆိုတာ လှမ်းကြည့်လို့ရတဲ့ Internet Cafe ဆိုင်အများအပြား
အသုံးပြုလေ့ရှိတဲ့ Software လေးပေါ့ဗျာ။ဒီ Software လေးက Cafezee
ထက်ကောင်းပါတယ်ပြီးတော့ စက်တွေ ကို လှမ်းပြီး ထိန်းချုပ်ရာမှာလဲ
လွယ်ကူလျှင်မြန်လှပါတယ်။ဒီ Software လေးက Server အနေနဲ့ကော Client
အနေနဲ့ပါ အသုံးပြုလို့ ရပါတယ်။တစ်ခု သတိပေးချင်တာကတော့ မိမိ
အသုံးပြုလိုတဲ့ စက်တွေကို တစ်လုံးနဲ့ တစ်လုံး Network ချိန်ဆက်ထားရမှာ
ဖြစ်ပါတယ်။အင်တာနက် ရှိလဲ အဆင်ပြေသလို အင်တာနက် မရှိပဲ Local Network
အနေနဲ့လဲ အသုံးပြုလို့ရပါတယ်သေးတယ်။သူရဲ့
System Requirements တွေကတော့
Windows XP / Vista / 7 (32bit & 64bit)
50 MB HDD Space (200 MB Recommended)
256 MB RAM (1GB or more Recommended) တွေပါပဲ။ဒီ Software လေးကို
Download စတင်လုပ်ပြီး Install လုပ်မယ်ဆိုရင်ဖြင့် မိမိ ကိုယ်တိုင်က Sever
အနေနဲ့ အသုံးပြုချင်တယ်ဆိုပါက Handy Cafe Server ကို ရွေးပေးရမှာ
ဖြစ်ပါတယ်။ကျွန်တော် အောက်မှာ ပုံနဲ့ တကွ ရှင်းပြထားပါတယ်ဗျာ။
|
Fig ~ 1 |
ပြီးရင်တော့ အဲ့ဒီ Server ကို ဖွင့်ဖို့အတွက် User Name နဲ့ Password ကို
Install လုပ်လို့ ပြီးခါနီး Finish နှိပ်ခိုင်းတဲ့
စာမျက်နှာပေးထားပါတယ်။Language ဆိုတဲ့နေရာမှာတော့ English ကို
ရွေးပေးလိုက်ပြီး Ok ပေါ့။Register(R) အကြီးအနီရောင်လေးနေရာမှာတော့ သူရဲ့
Serial Number ကို ထည့်ပေးရမှာ ဖြစ်ပါတယ်။အဲ့ဒီ အတွက် Serial Number ကို
ကျွန်တော်ထည့်ပေးထားပါတယ်ဗျာ။Register ဖြည့်ရမဲ့ နေရာမသိရင် အောက်က
ပုံလေးကို ကြည့်လိုက်ပါနော်။
|
Fig ~ 2 |
အဲ့ဒီမှာ ကိုယ်နဲ့ Network ချိတ်ဆက်ထားတဲ့ စက်တွေ အားလုံး
အဲ့ဒီ Serial Number ဖြည့်ပြီးတာနဲ့ Handy Cafe Server မှာ ပေါ်နေမှာ
ဖြစ်ပါတယ်။မိမိ Server ကနေ Client စက်တွေ ဘာတွေ လုပ်နေတယ်
ဆိုတာကြည့်ချင်တယ်ဆိုရင်တော့ Handy Server က နေ မိမိ ကြည့်ချင်တဲ့ စက်ရဲ့
နံပါတ် ဒါမှ မဟုတ် PC Name တစ်ခုခုကို Right Click ထောက်လိုက်ပါ။အဲ့ဒီ မှာ
Advanced ကိုသွားလိုက်ပါ။ပြီးရင် Remote Management ဆိုတဲ့ စာတန်းလေးကို
တွေ့ရင် Click လိုက်ပါ။ဒါဆိုရင် Server ကနေ အဲ့ဒီ စက်ကို လှမ်းကြည့်လို့
ရသွားပါပြီ။ဒီ တစ်ခါတော့ Client အနေနဲ့ ထားရှိမဲ့ စက်ကို Install လုပ်ရမဲ့
နည်းလမ်းလေးပါ။ခုနကလိုပဲ ကျွန်တော်တို့ Install လုပ်တဲ့ အခါ
အသုံးပြုသူအနေနဲ့ ထားရှိမှာ ဖြစ်တဲ့ အတွက် Handy Cafe Server
ဆိုတဲ့နေရာမှာ ကျွန်တော်တို့က Handy Cafe Client ဆိုတာလေးကို ရွေးပြီး
Install လုပ်ပေးလိုက်ရုံပါပဲ။ကျွန်တော် အောက်မှာ အနက်ရောင်လေးနဲ့
ဝိုင်းပြထားတဲ့ ပုံလေး အတိုင်းပေါ့ဗျာ။
|
Fig ~ 3 |
Install လုပ်လို့ ပြီးဆုံးသွားပါက Handy Cafe Screen
Saver ကြီး ပေါ်လာပါလိမ့်မယ်။အဲ့ဒီ အခါ Right Click ထောက်လိုက်ပါ။User Name
နဲ့ Password တောင်းနေရင် User Name နေရာမှာ ADMIN ဆိုပြီး အကြီး
စာလုံးနဲ့ ရိုက်ရမှာဖြစ်ပြီး Password ဆိုတဲ့နေရာမှာတော့ PASSWORD ဆိုပြီး
စာလုံးအကြီးနဲ့ ရိုက်ရမှာဖြစ်ပါတယ်။အဲ့လို မရိုက်ချင်လဲ Server မှာ Open
လုပ်ပေးမှ မိမိ အသုံးပြုစေချင်တဲ့ PC ဟာ အသုံးပြုလို့ ရသွားမှာ
ဖြစ်ပါတယ်ဗျာ။ဒီ Software အကြောင်းကိုတော့ ဒီလောက်ပဲ
ရှင်းပြပါရစေဗျာ။ထက်ပြီး ရှင်းပြနေရင် Post ဟာ အရှည်ကြီး ဖြစ်သွားမှာ
စိုးလို့ပါ။ဒီ Software လေးမှာ ပါတဲ့ ကျန်နေသေးတဲ့ တခြား
အသုံးပြုစရာလေးတွေကိုတော့ ကိုယ့်ဘာသာ ကလိကြည့်ကြပေါ့နော် ဟုတ်ပြီလား။ဒီ
Handy Cafe Software လေးကို စမ်းပြီးကလိချင်တယ် ဆိုရင်တော့ ကျွန်တော်
အောက်မှာ Download Link လေး 2 ခု ပေးထားပါတယ်ဗျာ။မိမိ စိတ်ကြိုက် Link
ကနေသာ ယူသွားပေတော့ပေါ့နော်။
Mediafire Download Page(1)
Minus Download Page(2)
No comments:
Post a Comment