Tuesday, October 9, 2012

1 GB Memory Card နဲ့ Drive များကို 2GB သို့ ပြောင်းနည်း

1 GB Memory Card နဲ့ Pan Drive တွေကို 2 GB ကို ပြောင်းလို့ ရတယ်ဆိုတာက တခြားကြောင့်တော့ မဟုတ်ပါဘူး။ ဒီ Device တွေကို ထုတ်လုပ်သူတွေ အသုံးပြုတဲ့ Chip တော်တော်များများက အနည်းဆုံး 2 GB သိုလှောင် သိမ်းဆည်း နိုင်ကြပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့တွေက 1 GB Memory Card ထုတ်ဖို့ (သို့) Pan Drive ထုတ်ဖို့အတွက် သီးသန့် Chip အသစ်တွေကို ဒုက္ခခံ ၊ အချိန်ကုန်ခံပြီး မထုတ်လုပ်တော့ပါဘူး။ အလွယ်တကူပဲ 2 GB သိုလှောင်သိမ်းဆည်းနိုင်တဲ့ Chip တွေကို 1 GB နဲ့ ထွက်လာအောင် လုပ်လိုက်ကြတာပါ။ ဒီတော့ Space တွေက ပိုနေတာပေါ့။ ဒါကလဲ 1 GB Memory Card တိုင်းကို ဆိုလိုတာတော့ မဟုတ်ပါဘူး။ တချို့ ကဒ်တွေဆို မရပါဘူး။ 1 GB Memory Card ကို Properties ကြည့်လိုက်ပါ။ 975 MB ထက်တော့ နည်းလို့ မရပါဘူး။ 957 MB နဲ့ 975 MB အထက် 1 GB ကဒ် များကိုတော့ 2 GB အထိ ပြန်လည် တိုးမြှင့်နိုင်တာကို တွေ့ရပါတယ်။
ပထမဆုံး ခင်ဗျားလုပ်ရမှာကတော့ ကိုယ့်ရဲ့ memory card ကို format ချရမှာ ဖြစ်တဲ့ အတွက် အထဲက data တွေကို အရင် တနေရာကို ရွှေ့ထားလိုက်ပါ။
သတိပေးချင်တာကတော့ ပထမအကြိမ် စမ်းလုပ်ကြည့်လို့ မရခဲ့ရင် အဆင်မပြေခဲ့ရင် ထပ်ပြီး မလုပ်ပါနဲ့။ သူက Cheap / Low Branded Device တွေမှာ အလုပ်လုပ်တဲ့ နည်းလမ်း ဖြစ်ပါတယ်။ တော်ကြာ 1 GB Card ကို 2 GB လုပ်ပါတယ်။ နဂိုရှိပြီးသား 1 GB လေးတောင် သုံးလို့ မရတော့ဘူး ဆိုရင်တော့ ကျွန်တော့်ကို ခင်ဗျားတို့ မေတ္တာ ပို့မှာ သေချာပါတယ်။ ကျွန်တော်လဲ ကြောက်ပါတယ်။ အဲဒါကြောင့် ကြို သတိပေးထားရတာပါ။
Step (1) အောက်မှာ ကျွန်တော်ပေးထားတဲ့ Link ကနေ Software ကို download ဆွဲလိုက်ပါ။
Step (2) techday_rater_techday.zip ဆိုတဲ့ file လေး တစ်ခု ရလာပါမယ်။ Extract လုပ်ပြီး Computer မှာ Install လုပ်ပါ။
Step (3) မိမိ fix လုပ်မဲ့ 1 GB Card (or) Stick ကို Computer နဲ့ Join ထားလိုက်ပါ။ အဲဒါဆို အစောက ကျွန်တော်တို့ Run ထားတဲ့ Software မှာ ရွှေးစရာ ပေါ်လာပါလိမ့်မယ်။ အဲဒီမှာ ကိုယ့်ရဲ့ Device ကို ရွှေးပေးရပါမယ်။ My Computer မှာ ပေါ်နေတဲ့ Drive Letter ကို ရွှေးချယ်ပေးရမှာပေါ့ ။ (ဥပမာ -  :F , :G ) စသည်ဖြင့် ..
Step (4) Fix ကို နှိပ်ပေးလိုက်ပါ။
Step (5) techday_rater.exe က Format ချမချ မေးပါလိမ့်မယ်။ အဲ့ကျ့ရင် Yes ကိုနှိပ်လိုက်ပါ။
အိုကေ သွားပါပြီ ။ မိမိရဲ့ 1 GB Card ကို Computer မှာ ပြန်ထိုးပြီး properties ကို ကြည့်လိုက်ပါ။ 2GB ပြောင်းသွားပါလိမ့်မယ်။ စာဖတ်သူ 1 GB storage ကနေ 2 GB storage ကို အသုံးပြုနိုင်သွားပါပြီ။ 975 MB ထက်နည်းတဲ့ တချို့ drive တွေမှာ ဖြစ်တက်တာကတော့ 1 GB ကနေ 2 GB ကို ပြောင်းသွားပေမဲ့ တကယ်တမ်း သုံးတဲ့ အခါမှာ 2 GB သုံးလို့ မရပါဘူး။ 1 GB ပဲ သုံးလို့ ရတာကို တွေ့ရပါတယ်။
ဒီလောက်ဆိုရင်တော့ အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်ဗျာ ။

No comments:

Post a Comment